
ရန်ကုန်-အင်းစိန် လက်ယာရစ်ရထား နောက်ဆုံးတွဲ လမ်းချော်မှုတစ်ခု သံလမ်းဘူတာအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ် အချိန်တွင် အင်းစိန်လက်ယာရစ် ခရမ်းရထား ၆ နောက်ဆုံးတွဲသည် သံလမ်းဘူတာအနီး မေတ္တာညွှန့်နှင့် တာမွေကြား မိုင်တိုင်အမှတ် ၃/၁၀- ၁၁ ကြား၌ လမ်းချော်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်က လမ်းမတော်ကနေ ရထားကိုစီးလာတယ်။ မေတ္တာညွှန့်အထွက်ကြတော့ ရထားက ခုန်ဆွခုန်ဆွဖြစ်ပြီး ဟိုဘက်ဒီဘက် ယိမ်းယိုင်ထိုးနေတယ်။ အဲဒါနဲ့ ကျွန်တော်က ခေါင်းကို အပြင်ထွက်ကြည့်တော့ ရထားက လမ်းချော်နေမှန်းသိတယ်” ဟု ရထားနောက်ဆုံးတွဲ လိုက်ပါလာသူ ဦးကျော်ဇောက ပြောကြားခဲ့သည်။
ရန်ကုန်မီးရထား အငယ်တန်း အင်ဂျင်နီယာဌာနမှ ဦးရဲလင်းက “ကျွန်တော်တို့အနေနဲ့ အခုလို လမ်းချော်သွားတဲ့ နောက်ဆုံးတွဲကို ဖြုတ်ချမယ်။ ကျန်တဲ့အတွဲကို အင်းစိန်ဘက်ကို ဆက်ပြီးမောင်းမယ်။ ပြီးရင် ဖြုတ်ချခဲ့တဲ့ဟာကို ဟိုက်ဒရောလစ်နဲ့မပြီး ရန်ကန်ဘက်ကို ပြန်သယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။
အဆိုပါ ရထားလမ်းချော်မှုကြောင့် ရထားပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း သိရသည်။
No comments:
Post a Comment